စမတ်ကတ်ပြုလုပ်ရန် စာရင်းပေးသွင်းနိုင်ပါပြီ
Workpermit Smart Card များ
မဖြစ်မနေပြုလုပ်ကြရမည်
👇👇👇👇
ယခင် ၂၀၂၄ ဘတ်လုပ်ငန်းစဉ်များတွင် workpermit စာရွက်ထွက်ခြင်းသည် နောက် ဆုံးလုပ်ငန်းစဉ်ဖြစ်ပြီး Workpermit စာရွက်ထွက်သည်နှင့် အလုပ်ရှင်သဌေးပြောင်း ကျန့်ခေါက်ခြင်း များပြုလုပ်နိုင်ပါသည် ။ ယခု ၂၀၂၅ နှစ်တွင်မူ ထိုင်းကျဟာငန်ရုံးနှင့် Website Company တို့၏ လုပ်ငန်းစဉ်ပြောင်းလဲမှုများကြောင့် ထွက်ရှိလာသော workpermit စာရွက်များတွင် workpermit no. နှင့်အခြား ကျန့်ခေါက်လုပ်ငန်းစဉ်များ ပြုလုပ်ရာတွင်အရေးကြီးသောအချက်အလက်များ မပါဝင်လာပါ သို့ ဖြစ်ပါ၍ ယခု ၂၀၂၅ ဘတ်ရိုက်သူများသည် Workpermit စာရွက်အပြင် အခြား Workpermit Smart Card ပြုလုပ်ရမည့်လုပ်ငန်းစဉ်တစ်ခု ထပ်မံတိုးလာခဲ့ပါသည် ။ ၂၀၂၅ ခုနှစ်ဘတ်ရိုက်ထားသူများအားလုံးသည်လုပ်ငန်းခွင်တွင် သဌေးပြောင်းပြုလုပ်နိုင်ရန် Workpermit Smart Card ကိုမဖြစ်မနေပြုလုပ်ကြရပါမည် ။
ကျွန်တော်တို့ Hire Power ရုံးတွင် ဘတ်ရိုက်ထားသူများသည် ၂ လပိုင်း ၁၅ ရက်နေ့နောက် ပိုင်းတွင် Workpermit Smart Card ရိုက်ခြင်းလုပ်ငန်းစဉ် ပြုလုပ်မည်ဖြစ်ပါသဖြင့် စမတ်ကတ်ပြုလုပ်ခြင်းပထမအသုတ်တွင် လာရောက် ပြုလုပ်နိုင်သူများ အနေဖြင့် Page Messenger သို့မဟုတ် ရုံးဖုန်းနံပတ် 0619284139 သို့ဖြစ်စေ ဖုန်းဆက်သွယ်စာရင်းပေးနိုင်ပါသည် ။ သတ်မှတ်လူဉီးရေပြည့်သည်နှင့် ပြုလုပ်ရမည့် နေ့စွဲကို အတိအကျထုတ်ပြန်ပေးသွားပါမည် ။ လာရောက်ရမည့်နေရာမှာ ချွန်ပူရီ စီလချာ ဘက်တွင်ပြုလုပ်ရန် လောလောဆယ် စီစဉ်ထားပါသည် ။ Workpermit Smart Card ပြုလုပ်ခြင်း ပထမအသုတ်တွင် လူဉီးရေကန့်သတ်ထားခြင်း ရှိပါသဖြင့် အမြန်ဆုံးစာရင်းပေးသွင်းထားကြရန် လိုအပ်ပါသည် ။
ကျွန်တော် တို့ ရုံး၏ ဘတ်ရိုက်ခြင်းလုပ်ငန်းစဉ်တွင် ကောက်ခံထားသော အချိုသာဆုံး ဈေးနှုန်း သဌေးငှားခအပါ ၆၄၀၀ ဘတ်သည် Workpermit စာရွက်ထွက်သည်အထိအပြီးအစည်း ဖြစ်ပြီး ယခုအသစ်ထပ်မံထုတ်ပြန်ထားသော နောက်ထပ်တိုးလုပ်ငန်းစဉ်ဖြစ်သည့် Workpermit Smart Card ရိုက်ခြင်းလုပ်ငန်းစဉ်အတွက် ကုန်ကျငွေအနည်းငယ်ပေးသွင်းပေးရန်လိုပါသည် ။ အသေးစိတ်အချက်အလက်များအား ရုံးချိန်အတွင်း ဖုန်းဆက်မေးမြန်းနိုင်ပါသည် ။
ဆက်သွယ်ရန်
ဖုန်း: 0619284139
Foreign Worker Employment Agency – Hire Power Co., Ltd. သည် ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနမှ အသိအမှတ်ပြု လိုင်စင်နံပါတ် นจ.0394/2568 ဖြင့် တရားဝင် ဖွဲ့စည်းထားသော နိုင်ငံခြားအလုပ်သမားခေါ်ယူခွင့်ရကုမ္ပဏီ ဖြစ်ပါသည်။
🌀Disclaimer : Hire Power Co.,Ltd is a government-licensed recruitment agency in Thailand, officially recognized for providing legal employment assistance to foreign migrant workers in full compliance with Thai labor regulations.
#HIREPOWER #ဘတ်အသစ် #လူသစ်ဘတ်သစ်
#HirePower
#HirePower